မုံရွာတွင် စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာတွင် စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

မုံရွာတွင် စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မုံရွာမြို့ ဒေသခံများထံက သိရသည်။
သေဆုံးသူသည် မုံရွာမြို့ ၊ ချမ်းမြဝတီရပ်ကွက်နေ ခရိုင်ကောင်စီဝင် ဦးသန်းဇော်ထွန်း အသက်(၄၀) နှစ် ဖြစ်ပြီး ယနေ့နံနက်ပိုင်းက မုံရွာမြို့ပေါ်တွင် ၎င်း၏ကိုယ်ပိုင်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“မုံရွာခရိုင်ရုံးကလူပါ။ ကားမောင်းနေတုန်းအပစ်ခံလိုက်ရတာ။ ကားပေါ်မှာတင်သေ တယ်” ဟု မုံရွာမြို့ခံသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် မုံရွာတစ်မြို့လုံးနီးပါးကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေပြီး အော်ဟစ်ဆဲဆိုခြိမ်းခြောက်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောကြားသည်။
စစ်ကောင်စီခန့် ခရိုင်ကောင်စီဝင် ဦးသန်းဇော်ထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်းကိုမူ သိရှိရခြင်း မရှိသေးပေ။